Powered By Blogger

Thursday, August 20, 2015

Acer Liquid Z500 ကို Firmware ပြန်တင်နည်း

ဘားကပ်သား(နည်းပညာ) မှကူးယူဖော်ပြပါသည်


 Acer Z500 Firmware ကျလို့စိတ်ညစ်နေသူများအတွက် Acer Z500 Firmware တင်နည်းလေးကို
တင်ပေးလိုက်ပါတယ်
Z500 တွေကို Root လုပ်ပြီး Font Changer သွင်းလိုက်တာနဲ့ Firmware ကျတော့တာပဲ တစ်ကယ်
ကျွန်တော်ကိုယ်တိုင် နှစ်လုံး ဖြစ်ဖူးတယ် ဒါကြောင့် ဒီပိုစ့်လေးကိုရေးလိုက်တာပါ

 အရင်ဆုံး Acer Z500 ကို Firmware တင်ဖို့အတွက်လိုအပ်တာတွေကိုအောက်မှာ
ဒေါင်းလိုက်ပါ

                                             Download Acer Liquid USB Driver
                     
                        Download SP Flash Tool forWindows v.3.1352.01(5.1352.01).rar

                     Download Firmware - Acer_AV0K0_Z500_1.012.00_EMEA_GEN1.zip

ကဲ့ဒေါင်းစရာရှိတာတွေဒေါင်ပြီးပြီဆိုရင် လုပ်ငန်းစမယ် အရင်ဆုံး USB Driver ကို PC မှာ run လိုက်ပါ
ဒေါင်းထားတဲ့ Firmware Zip ဖိုင်ကို Desktop ပေါ်ကို Extract လုပ်လိုက်ပါ ပြီးရင် ဒေါင်းထားတဲ့
Flash Tool Zip ဖိုင်ထဲက flash_tool.exe ကိုပြီး အောက်ကပုံမှာပြထားတဲ့အတိုင်း
Scatter_Loading ဆိုတာကိုနှိပ်ပြီး Desktop/Acer_AV0K0_Z500_1.012.00_EMEA_GEN1 ဖိုင်ထဲက
MT6582_Scatter_Acer_AV0K0_Z500_1.012.00 ဆိုတာကိုရွေးပေလိုက်ပါ
ပြီးရင်ဖုန်းကို Power ပိတ်ပြီး PC မှာ USB နှင့်ချိတ်လိုက်ပါပြီးရင်အောက်ကပုံမှာပြထားတဲ့အတိုင်
Download ဆိုတာလေးကိုနှိပ်လိုက်ပါ
သုံးမိနစ်လောက်ထားပြီးဖုန်းကို PC ကနေပြန်ဖြုတ် ပြီးရင်ခဏထားပြီး PC နှင့် USB ပြန်ချိတ်ပြီးထားထားပါ
အပေါ်ကပုံထဲကအတိုင်းအဝါ တန်းလေး 100% ပြည့်ပြီဆိုရင် Firmware တင်ခြင်းအောင်မြင်စွာပြီး
ဆုံးသွားပါပြီ ဖုန်ကို ဖြုတ်ပြီး Power ဖွင့်လိုက်ပါ Firmware စတက်ခါစမှာနည်းနည်းကြာတက်ပါတယ်
အားလုံးပဲအဆင်ပြေပါစေ

Wednesday, July 22, 2015

Samsung ဖုန်းအများစုမှာဖြစ်တက်တဲ့ Charger ERROR ဖြေရှင်းနည်း

Samsung ဖုန်းအများစုမှာဖြစ်တက်တဲ့ Charger ERROR ဖြေရှင်းနည်းလေးမျှဝေပေးလိုက်ပါတယ် cbကမေးထားတဲ့ ဘော်ဘော်များအတွက်နဲ့ hardware ပိုင်းခုမှစတင်လေ့လာသူများအတွက် ERROR အဖြေရှာနိုင်စေရန်ရည်ရွယ်လိုက်ခြင်းဖြစ်ပါတယ်
ကလေးအထာလေးတွေမို့လို့ဆရာသမားများကျော်ခွသွားပေးပါ သိထားတာလေးကိုပြန်လည်မျှဝေတာဖြစ်လို့ အမှားရှိရင်ခွင့်လွှတ်ပါ လိုအပ်ချက်ရှိရင်လမ်းညွှန်ပေးပါ ဆရာများအားလုံးကိုရိုသေလေးစားလျှက် Myat Taunggyi

၁။battery အားအပြည့်ရှိပါလျှက် power key နှိပ်လျှင် ပါဝါမပွင့်ဘဲbattery အားမရှိဟုပြသောအခါ
၂။charger ကြိုးတပ်၍battery သွင်းသည့်အခါ battery ရာခိုင်နှုန်းမြင့်တက်မလာခြင် နှင့် battery ရှိအားများလျှော့သွားခြင်း
၃။အားသွင်းကြိုးမထိုးဘဲ အားသွင်းနေသည့်သင်္ကေတပြခြင်း နှင့် အားသွင်းကြိုးထိုးထားသော်လည်း အားဝင်သည့် သင်္ကေတမပြခြင်း
၎။အားသွင်းကြိုးထိုးလျှင်ပါဝါပိတ်သွားခြင်း resedကျခြင်း
၅။power key နှိပ်လျှင်ပါဝါမတက်ခြင်း [key ခလုပ်ကိုဦးစွာစစ်ဆေးပါ]

စသည့်ပြသနာများကြုံတွေ့လာလျှင်
Samsung ဖုန်းအများစုဟာ battery မှလာသော vol များဟာ pw ic ကို တိုက်ရိုက်မသွားဘဲ charger ic မှတဆင့်ခွဲထွက်ကာ pw ic သို့ တဆင့်ခံသွားသည့်ဟု သိရှိထားပါသည်
ထို့ကြောင့် အခြားဖုန်းများသည် charger ic ဖြုတ်ထားလျှင်လည်း အားသွင်းမရခြင်းမှလွဲ၍ ပါဝါပွင်ပြီး ပုံမှန်လုပ်ဆောင်ချက်မျာလုပ်ဆောင်နိုင်ပါတယ်
Samsung ဖုန်းအများစုကတော့ charger ic ဖြုတ်ထားလျှင် ပါဝါနိုးတော့မည်မဟုတ်ပါ note 3 ဆိုလျှင် USB ခေါင်းဆားပေါက်ခြင်း အကြောင်းတစ်ခုခုကြောင့် usb ခေါင်းမှခဲများပူးသွားပါက ပါဝါမနိုးပါ လက်တွေ့ကြုံဖူးတာပါ

အားလုံးကိုခြုံငုံပြီးဖြေရှင်းကြည့်ပါမယ်

ပထမအဆင့် usb ခေါင်းကိုစစ်ပါ တင်နာဖြင့်တိုက်ဆေးပါ usb ရဲ့ ပင်ငုတ်လေးများ ဘုတ်ပြားနှင့်ထိမထိစစ်ဆေးပါ usb ခေါင်းမကောင်းလျှင် အသစ်လဲရတော့မည်ဆိုပါက usb ခေါင်းအနီးတဝိုက်တွင်ရှိသော ic လေးများမထိခိုက်စေရန် မီးခံတိပ်ပတ်ပြီးမှ မီးခံတိပ်မရှိပါက အပူခံသံပြားခွံလေးများဖြင့်သေချာဖုံးအုပ်ပြီး မှ ခေါင်းလဲဖို့စဉ်းစားပါ usb ခေါင်းလဲတာ ဘေးက ic လေးများကို အပူဒဏ်မကာကွယ်မိလို့ လျှော့ကျသွားခြင်း ပါဝါသေသွားခြင်းများမဖြစ်ရအောင်လို့ပါ ကာကွယ်မှုပြီးပြီဆိုလျှင် heater 4.5 air 2.5 လောက်ချိန်ပြီး ထင်းရူးဆီသန့်များများထည့်ကာ အပူပေးပါ usb ခေါင်းကိုအတင်းမဆွဲပါနှင့် အောက်ခြေငုတ်များပဲ့ပါသွားမည်ဖြစ်ပါသဖြင့် ထိန်းပြီးမှအသာအယာမထုပ်ပါ usb အသစ်ကို ဘုတ်ပြားအထိုင်တွင် သေချာစွာချိန်ထည့်ပြီး gun ဖြင့် ခြေငုတ်လေးများကိုခဲတို့ပါ ပင်ငုတ်လေးတွေကိုလည်းသေချာထိစပ်အောင် ခဲတို့ပါ usb ခေါင်း ကောင်းမကောင်းစစ်လိုလျှင် အားသွင်းကြိုးထိုပြီး ဘယ်ညာအစွန်နှစ်ငုတ်ကို မီတာဖြင့်တိုင်းပါ 3.7 သို့ 4.5 စသဖြင့် vol ထွက်ရှိလျှင် usb ခေါင်းကောင်းတာသေချာပါပြီ
usbခေါင်းလဲရုံဖြင် အထက်ပါerror အများစုဖြေရှင်းနိုင်ပါတယ်

ဒုတိယအဆင့် usb ပင်ချောင်းမှထွက်လာတဲ့ ပင်ငုတ်၅ခုသို့မဟုတ်၇ခု တို့၏လမ်းကြောင်းပျက်တောက်မှုရှိမရှိကိုစစ်ဆေးပါ ပြက်တောက်လမ်းကြောင်းအား jumper လေးဖြင့်ခုန်လိုက်ပါ ထိုလမ်းကြောင်းရှိ dioud နှင့် C လေးများ ကွိုင်လေးများမကောင်းပါက အထက်ပါerror များကြုံတွေ့ရတက်ပါသည် မီတာဖြင့်တိုင်၍စစ်ဆေးကာ မကောင်းသော Cလေးများ dioud ကွိုင်တို့ကို အမျိုးအစားတူတာလေးများကို အစားထိုးကြည့်ပါ C နှင့် dioud ကွိုင်လေးများကို လဲရုံဖြင့် အထက်ပါ error အချို့ကိုဖြေရှင်းနိုင်ပါတယ်

တတိယအဆင့် charger ic ကိုစစ်ဆေးရပါမည် အဓိကအကျဆုံးအရာလည်းဖြစ်ပါသည် ရေဝင်းခြင်း ချွေးငွေ့ရိုက်ခြင်းတို့ကြောင့် ic ရှိခဲများဆားပေါက်ခြင်းဖြစ်တက်ပါသည် charger ic အတွင်ငုတ်များပူးနေခြင်းအခြေငုတ်များပျက်တောက်ခြင်း တို့ကြောင့် အထက်ပါerror များဖြစ်ပေါ်လာရခြင်းဖြစ်ပါသည် ဖြေရှင်းဖို့ကတော ထင်းရူးဆီသန့်အနည်းငယ် ic ဘေးပတ်လည်တွင်ချကာ air heater ဖြင့်အပူပေးကြည့်ပါ ဇာကနာဖြင့်အနည်းငယ်တုန်ကြည့်ပါ အဆင်ပြေတက်ပါသည် မရမှ charger icကိုဖြုတ်ကာ ခဲပြန်လောင်း၍ပြန်ထိုင်ပေးရပါမည် ကျွန်တော်ကြုံတွေ့ရသလောက် samsung charger ic များသည် ခဲလောင်ပြန်ထိုင်လျှင်အများဆုံးအဆငိပြေကြပါသည် Cလေးတွေလျှော့မကျဘဲ charger ic အရမ်းပူမှသာလျှင်အသစ်လဲလှယ်ရပါသည်
ဒီအဆင့်ရောက်သည်အထိ အထက်ပါerror မဖြေရှင်းနိုင်သေးပါက pw ic သို့ ထက်မံချီတက်ရပါမည် အချိန်အားလျှင် ဆက်လက်ရေးသားပေးပါမည် အားလုံးကိုလေးစားလျှက်

Saturday, July 11, 2015

G730-C00 အားမဝင်ပြသနာဖြေရှင်းနည်း

G730-C00 အာမဝင်ပြသနာနှင့် အားသွင်းလျှင်ပူသည့်ပြသနာဖြေရှင်းခြင်း
သိထားတဲ့ဆရာကျော်သွားပေးပါ နင်းမိမှာဆိုးလို့ပါ မသိသေးတဲ့သူတွေအတွက်ပါ အမှားပါရင်ခွင့်လွတ်ပါပြန်လည်လမ်းညွန်ပေးပါဆရာများအားလုံးကိုလေးစားလျှက် Myat Taunggyi

အရင်ဆုံးပုံကိုအရင်ကြည့်ပါ ပုံ၁ မှာ charger ကြိုးတပ်လျှက် pw ပွင့်နေတာပါ battery မတက်ထားပါ အားရာခိုင်နှုန်း 100% အပြည့်ရှိပါတယ် ပုံ၂  မှာလည်း ဒီအတိုင်းကြိုးထိုးထားတာပါဘဲ ရာခိုင်နှုန်း 0% ပါ
ဖုန်း၂စလုံး charger ကြိုးထိုးပြီးပါဝါတက်လာတာချင်းတူပေမဲ့ ရာခိုက်နှုန်းကွဲပြားနေပါတယ်
ပုံ၁ မှာ ဒိုင်အုပ်ခံပြီး jumper ဆွဲထားပါတယ် ပုံ ၂ မှာက ဒိုင်အုပ်သာလျှင် လဲထားတာပါ jumper မဆွဲပါ
အရင်ဆုံးအားသွင်းခေါင်းကိုစစ်ကြည့်ပါ အားသွင်းခေါင်း error မရှိမှ အောက်ကစာအတိုင်းလုပ်ပါ
၁။ အားသွင်းလျှင်ပူပြီး ဘယ်လောက်ကြာကြာအားသွင်းသွင်း အားရာခိုင်နှုန်း ၁၀၀ ထိမရောက်ပါက ဒိုင်အုပ်ကိုသာဖြုတ်လဲပါ မရမှသာ jumper ဆွဲပါ
၂။အားသွင်းလျှင်မပူဘဲ အားအဝင်ပြပြီး ရာခိုင်နှုန်းမတက်လာပါက jumper ဆွဲစေချင်ပါတယ်

jumper ၏အားသာချက်ကတော့ အချိန်တိုတိုအတွင်းအားအမြန်ပြည့်ခြင်း
jumper ၏အားနည်းချက်ကတော့
အချိန်တိုတိုအတွင်းအားအမြန်ုပြည့်ခြင်းကြောင့် battery ကြာကြာခံနိုင်မည်မဟုတ်ပါ battery အမြန်ပျက်စီးလွယ်ပါသည်။
သို့သော် Customer ဖုန်အမြန်ဆုံးအသုံးပြုနိုင်စေရန် ကျွန်တော်တို့ကြံဖန်ပြီးပြုပြင်ပေးရမည်မဟုတ်ပါလာ

Sunday, July 5, 2015

Galaxy s4 black screen ဖြေရှင်းခြင်း

S4 black screen မင်္သကာတဲ c လေးတွေဖြုတ်လဲလိုက်တော့ ok တာပေါ့ဗျာ

အကြောင်းအရာအစုံကတော့
ဒီလိုဗျ
customer တယောက်လာအပ်တာ သုံးနေရင်း screen မီးပျောက်သွားလို့တဲ့ အထင်ကတော့ မှန်ကလစ်လွတ်တာလို့ထင်တာပေါ့ ဖြုတ်တိုက်ချွတ်ဆေးပြီး ပြန်တက်တော့လည်း black ပါဘဲ customer ကိုသေချာပြန်မေးပါတယ် လွတ်ကျလာလို့ လုံဝလွတ်မကျပါဘူးလို့ပြောပါတယ် ဒီတော့စဉ်းစားရပြီလေ backlight တိုင်းတယ် vol ထွက်တယ် screen ကို ဓာက်မီးနဲ့ထိုးပြီးသေချာကြည့်တယ် ရုပ်ပုံကိုလုံးဝမပေါ်တာပါ backlight တင်မက ရုပ်ပါမထွက်တာဆိုတော့ ဘုတ်ကြောင့်လာပေါ့ ဒါနဲ့သေချာအောင်ဆိုပြီး ကြုံတုန်းဝင်ကြွားတာပေါ့ ကျွန်တော့ဖုန်းကလည်း S4 ဘဲလေ ကျွန်တော့ဖုန်းကိုဖြုတ် သူ့ဘုတ်တပ် မီးလည်လာတယ်ရုပ်လည်လာတယ် ကျွန်တော့ဘုတ်ကို သူ့မှန်နဲ့တွဲတော့ ဘာမှမလာ ဒါဆိုရင် lcd ဆိုတာသေချာနေပြီလေ ဒါပေမဲ့ မကွဲမရှဘဲ ဘာလို့ မှန်ကအလုပ်မလုပ်သလဲ စဉ်းစားရပြီလေ ကျွန်တော့မျက်လုံးကမှန်အနောက်က ကပစီတာနဲ့ဒိုင်အုပ်ဆီရောက်သွားပါပြီ ကံကောင်းတာက အရင်s4 မှန်လဲတုန်းက မှန်အကွဲတစ်ချပ်ကျန်သေးတယ်လေ မှန်အနောက်က ကပီစီတာချင်းဒိုင်အုပ်ချင်းယှဉ်ပြီး မီတာနဲ့တိုင်တယ် မင်္သကာစရာ cလေးတွေကို ဖြုတ်လဲလိုက်တော့ ဘယ်လိုပြောရမလဲ ဘဲရီးဂွတ်ပေါ့ဗျာ

twz enjoy8 root လုပ်နည်း

imobile istyle 211 root နဲ့ မြန်မာစာထည့်သွင်းနည်းပါ
pc နဲ့ဖောက်တာ တော်တော်ခေါင်းမာတဲ့ဖုန်းပါ ခုတော့ pc မလို apk နဲ့ကစ်လိုက်ရအောင်

လိုအပ်သည့်apkအားဒေါင်းပါ

kingroot.apk
Download

MMfont.installer.apk
Download

montinekeyboard/ဇလပ်ဝါkeyboard.apk
Download

အရင်ဆုံးkingroot.apkကို ဖုန်းတွင်install လုပ်လိုက်ပါ apkထဲသို့ဝင်ပါ အောက်နားကအပြာစာတမ်း root ဆိုတာကိုနှိပ်ပါ 100%ပြည့်လျှင် root အောင်ပါပြီ

MMfont.installer.apkကိုinstall လုပ်ပါ apk ထဲသို့ဝင်ပါ မြန်မာစာသွင်းရန် install နှိပ်ပါ root success တောင်းလျှင် allow ကိုနှိပ်ပါ reboot ချရန်okကိုနှိပ်ပါ ပြန်တက်လာလျှင် montine keyboard/ဇလပ်ဝါ keyboard ကို install လုပ်ပါ ထို့နောက် setting-language-ဇလပ်ဝါkeyboardကိုအမှန်ခြစ်ပါ Defualt နေရာတွင် ဇလပ်ဝါkeyboard ထားပါ အားလုံးပြီးပါပြီ မြန်မာစာမှန်ကန်စွာ စတင်အသုံးပြုနိုင်ပါပြီ

အားလုံးအဆင်ပြေပါစေ

istyle 211 root လုပ်နည်း

imobile istyle 211 root နဲ့ မြန်မာစာထည့်သွင်းနည်းပါ
pc နဲ့ဖောက်တာ တော်တော်ခေါင်းမာတဲ့ဖုန်းပါ ခုတော့ pc မလို apk နဲ့ကစ်လိုက်ရအောင်

လိုအပ်သည့်apkအားဒေါင်းပါ

kingroot.apk
Download

MMfont.installer.apk
Download

montinekeyboard/ဇလပ်ဝါkeyboard.apk
Download

အရင်ဆုံးkingroot.apkကို ဖုန်းတွင်install လုပ်လိုက်ပါ apkထဲသို့ဝင်ပါ အောက်နားကအပြာစာတမ်း root ဆိုတာကိုနှိပ်ပါ 100%ပြည့်လျှင် root အောင်ပါပြီ

MMfont.installer.apkကိုinstall လုပ်ပါ apk ထဲသို့ဝင်ပါ မြန်မာစာသွင်းရန် install နှိပ်ပါ root success တောင်းလျှင် allow ကိုနှိပ်ပါ reboot ချရန်okကိုနှိပ်ပါ ပြန်တက်လာလျှင် montine keyboard/ဇလပ်ဝါ keyboard ကို install လုပ်ပါ ထို့နောက် setting-language-ဇလပ်ဝါkeyboardကိုအမှန်ခြစ်ပါ Defualt နေရာတွင် ဇလပ်ဝါkeyboard ထားပါ အားလုံးပြီးပါပြီ မြန်မာစာမှန်ကန်စွာ စတင်အသုံးပြုနိုင်ပါပြီ

အားလုံးအဆင်ပြေပါစေ

Saturday, June 27, 2015

Samsung Galaxy S6 Edge SM-G920f root ပြီး Unicode မှ Zawgyi မြန်မာစာစနစ် ထည်သွင်းမည်

Samsung Galaxy S6 Edge SM-G920f ကို root ပြီး Unicode မှ Zawgyi မြန်မာစာစနစ် သို့ ပြောင်းလဲအသုံးပြုခြင်းကို ဖော်ပြပေးလိုက်ပါတယ် ကိုယ်တိုင်စမ်းသပ်ထားတာပါ

အရင်ဆုံး လိုအပ်တာလေးတွေကို ဒေါင်းလိုက်ရအောင်
cf auto root ဒေါင်းပါ
Download

odin ဒေါင်းပါ
Download

samsung usb driver ကိုဒေါင်းပါ
Download

Lolizwaper apk အားဒေါင်းပါ ကိုဖြိုးချမ်းကို Credit ပေးပါတယ်
Download

montime ကီးဘုတ် (သို့) ဇလပ်ဝါပြုပြင်ကီဘုတ်အား ဒေါင်းပါ
Download

အားလုံးလဲဒေါင်းပြီးပြီဆိုရင် ထင်သားမြင်သားတဲ့ desktop ပေါ်မှာ Folder တစ်ခုဆောက်ပြီး extract လုပ်ထားပါ။

နောက် Samsung USB Driver ကို Install လုပ်ပါ။ Driver install လုပ်တာကိုတော့မဖော်ပြတော့ပါဘူး။ Driver install လုပ်တာလဲပြီးသွားရင်
ဖုန်းကို power ပိတ်ပါ။
Download Mode ခေါ်ဖို့အတွက် Vol down + Home button + power ဒီသုံးခုကို ၂ - ၃စက္ကန့်လောက်ဖိထားပါ။

Warning လိုပေါ်လာရင် Vol + Up ကိုနှိုပ်လိုက်ပါ။ ဒါဆို Download mode ထဲဝင်သွားပါပြီ။

OK ဖုန်းကလဲ download mode ထဲဝင်သွားပြီးဆိုတော့ Desktop မှာ Odin-v3.10.exe ကို Run လိုက်ပါ။
Odin တက်လာပြီဆိုရင် ဖုန်းကိုစောစောက download mode ၀င်တဲ့အခြေအနေနဲ့ ကွန်ပျုတာကို USB ကြိုးနဲ့ ချိတ်ဆက်လိုက်ပါ။
ချိတ်ဆက်လိုက်ရင် Odin screen ရဲ့ COMxx Port မှ အပြာရောင် အတန်းလေးတတ်လာပြီး ဘယ်ဘက်နားက message box မှာ Added ဆိုတဲ့စာသားပေါ်လာပါလိမ့်မယ်။ ဒါဆိုချိတ်ဆက်မှုအောင်မြင်သွားပါပြီ။

Odin ရဲ့ pad ဆိုတဲ့စာသားနေရာမှာ စောစောကဒေါင်းထားတဲ့ cf auto root.tar ဖိုင်လေးကိုထည့်ပေးပါ ပြီးလျှင် Start ကိုနှိပ်လိုက်ပါ။ ဒါဆို စတင် လုပ်ဆောင်နေပါပြီ။

ခဏတော့စောင့်ပါ….

လုပ်ငန်းစဉ် ပြီးသွားပြီဆိုရင် Odin မှာ Pass ဖြစ်သွားရင် ဖုန်းက auto reboot ကျသွားပါလိမ့်မယ်။

reboot ကျသွားရင် ကြိုးချိတ်ဆက်ထားတာကို ဖြုတ်လိုက်ပါ။ ပြန်တတ်လာရင် Samsung Galaxy S6 Edge sm-g920f ကိုအောင်အောင်မြင်မြင်နဲ့ Root ဖောက်နိုင်ခဲ့ပါပြီ။
Root ပေါက်မပေါက်သိချင်ရင်တော့ Root Checker ဒါမှမဟုတ် ဖုန်းထဲမှာ Super Su ပုံပေါ်လာရင် root ပေါက်သွားပါပြီ…..

ဒုတိယအဆင့်အနေနဲ့ မြန်မာစာအမှန်ထည့်သွင်းရမှာပါ
စေားစေားကဒေါင်းထားတဲ့ Lolizwaper apk ကို ဖုန်းမှာ install လုပ်ပါ open နှိပ်ပါ system တခုလုံး zawgyi ပြောင်းရန်နှိပ်ပါ အောက်က Click me ကိုနှိပ်ပါ root တောင်းလျှင်လက်ခံပေးလိုက်ပါ 1% မှ 100% ရောက်လျှင် ဖုန်း resed ကျသွားပါလိမ့်မည် စက်ပြန်တက်လာလျှင် ဇလပ်ဝါ ကီးဘုတ်အား install လုပ်ပါ massage တွင် မြန်မာစာစမ်းရိုက်ကြည့်ပါ ယခင်လို မြန်မာစာလုံးတွေထပ်မနေတော့ဘဲ စာလုံးမှန်ကန်စွာ အသုံးပြုနိုင်တော့မှာပါ အခြားအခြားသော သတင်းapk facebook viber google အစရှိသည့်အရာတွင်လည်း မြန်မာစာ မှန်ကန်စွာ ဖက်ရှု၍ရနိုင်ပြီဖြစ်ပါသည်   အားလုံးအဆင်ပြေပါစေ

Saturday, June 20, 2015

Y520-U33 B180 Root myanmar font

Y520-U33 B180 Root myanmar font ထည့်နည်းလေးပါ လက်တွေ့အောင်မြင်ထားတာပါ

အရင်ဆုံး 360 apk ကိုဒေါင်းပါ

Download

ဖုန်း Setting-Security-Unknow sources ကို အမှန်ခြစ်ထားပါ
apk ကို ဖုန်တွင်installလုပ်ပါ
Root ဆိုသည့်စာသားကိုနှိပ်ပါ 360 apk မှ အမှန်ခြစ်ပြလျှင် root အောင်ပါပြီ

MM font installer ကိုဒေါင်းပါ

Download

apk ကိုဖွင့် font install လုပ်ပါ
rootaccess လက်ခံပါ reboot ကျသွားပါလိမ့်မည်
ပြန်တက်လာလျှင်

မုန်တိုင်း(သို့)ပြုပြင် ဇလပ်ဝါကီးဘုတ်အားဒေါင်းပါ

Download

မြန်မာစာမှန်ကန်စွာ စတင်အသုံးပြုနိုင်ပါပြီ
အဆင်ပြေပါစေ။

Saturday, June 6, 2015

facebook page တစ်ခုဖွင့်နည်း

facebook Page ဖွင့်နည်းကို မျှဝေပေးလိုက် ရပါတယ်။
(၁) မိမိ facebook မှ အပေါ်ဘက် မြှားသွားပုံ စက်တင်လေးမှာ တစ်ချက်နှိပ်ပါ။
(၂) အဲဒီမှာ Create Page ကို နှိပ်လိုက်ပါ။
(၃) ကဏ္ဍတွေကို တွေ့ပါလိမ့်မာ်။ Local Business or Place ၊ Company, Organization or Institution ၊ Brand or Product ၊ Artist, Band or Public Figure ၊ Entertainment ၊ Cause or Community ဆိုပြီး ရှိပါတယ်။ တစ်ခုရွေးပါ။
(၄) ကဏ္ဍတစ်ခုရွေးပြီးတာနဲ့ Company Name ကိုထည့်ပါ။ Choose a category ကိုရွေးပါ။
(၅) I agree to Facebook Pages Terms မှာ အမှန်ခြစ် ထည့်လိုက်ပါ။ ထို့နောက် Get Started မှာ နှိပ်လိုက်ပါ။
(၆) Add a description with basic info မှာ မိမိထည့်မယ့် စာတိုလေးကို ထည့်ပါ။ အဲဒီစာက profile ပုံအောက်မှာ ပေါ်မှာပါ။
(၇) yes (or) No ကို Yes လုပ်ပါ။ နှစ်ခုစလုံး လုပ်ပါ။ save info နှိပ်လိုက်ပါ။
(၈) Upload From Computer မှ ပရိုဖိုင်ပုံ ထည့်ပါ။ နောက်မှ ထည့်လည်း ရပါတယ်။ ပုံထည့်ပြီးတာနဲ့ Next ကိုနှိပ်ပါ။
(၉) Next ထပ်နှိပ်ပါ။ skin တွေ့တိုင်း နှိပ်လိုက်ပါ။ ကဲ Page တစ်ခု ဖြစ်သွားပါပြီ။ အားလုံး အဆင်ပြေမယ်လို့ ယူဆပါတယ်။

အားလုံးကို ကျေးဇူးတင်စွာဖြင့်
မူရင်းpostပိုင်ရှင်ကိုcreditပေးပါတယ်

Thursday, June 4, 2015

G730-U00-U30-C00 charger ပလက်ထိုးရင် အားဝင်တဲ့ပုံပြပြီး battery% မတက်တဲ့ပြသနာ ဖြေရှင်းနည်း

G730-U00-U30-C00 charger ပလက်ထိုးရင် အားဝင်တဲ့ပုံပြပြီး battery% မတက်တဲ့ပြသနာ ဖြေရှင်းနည်းလေးပါ နံပတ် ၁ မှ ၃ ထိ ကိုယ်တိုင်လက်တွေ့လုပ်ထားတာပါ နံပတ် ၄ ပုံကတော့ facebook ပေါ်ကပုံပါ ဘယ်သူဆီကလဲဆိုတာတော့ မမှတ်မိတော့ပါ အသုံဝင်မယ်ဆိုရင်ကျေနပ်ပါပြီ

Sunday, May 31, 2015

samsung mega charger ပြသနာ

samsung mega charger ပြသနာကတော့ အားသွင်းကြိုးထိုးရင် အားဝင်တာပြပြီး battery ရာခိုင်နှုန်းမတက်လာတဲ့ပြသနာပါ samsung တော်တော်များများမှာဖြစ်တက်ပါတယ် တချို့ဟာတွေကတော့ charger ic ပါလဲရပါတယ် ကျွန်တော့ဆီရောက်လာတဲ့ mega ကတော့ cလေးနှစ်လုံးဘဲဖြုတ်လဲလိုက်တာအဆင်ပြေသွားပါတယ်

Iphone 5 ပါဝါမလာ

Iphone 5 ပါဝါမလာလို့ကွိုင်လေးလဲပေးလိုက်တာ အားလုံး ok သွားတယ်

G730 ပါဝါပွင့်ပြီးပြန်ကျသွားတဲ့ပြသနာ

G730 ပါဝါပွင့်ပြီးပြန်ကျသွားတဲ့ပြသနာကတော့ battery ကလစ်နောက်က ခြေသုံးငုတ်နဲ့ c အမဲးလေးကိုဖြုတ်လဲလိုက်တာ ok သွားပါတယ် အရင်ပါဝါပွင့်လို့ touch ထိလိုက်တာနဲ့ကျသွားတာ ခုတော့မကျတော့ဘူး ပါဝါ

Huawei Y511 လိုင်းဆွဲးအားနည်းခြင်းဖြေရှင်းနည်း

y511 လိုင်းဆွဲးအားနည်းတယ်ဆိုလို့ C လေးတလုံးဖြုတ်လဲလိုက်တာ ok သွားတယ်

Samsung galaxy S4 camera jumper့

Samsung galaxy S4 camera jumper့ ကျော်ထားတာလေးပါ

Monday, April 27, 2015

Memory card အလုပ်လုပ်ပုံ

Memory card & Sd card တို့ရဲ့အခြေခံအလုပ်လုပ်ပုံ.....

Memory card & Sd card တို့တွင် memory IC တစ်လုံးသာပါဝင်ပါတယ်။အဲဒီ IC ဟာ PCB ပေါ်မှာ ပုံနှိပ်ထားတဲ့ Press IC တွေဖြစ်ပါတယ်။
ပုံ.၁
SD Memory Card & USB Memory Card တို့ဟာ +5V , Ground ,SCL Data out,SDA Data out…ဆိုပြီး အဆက်အသွယ်လမ်းကြောင်းလေး(၄)ခုသာ အဓိကအသုံးပြုပြီး  SD Memory Card ရဲ့ အခြား Pin လမ်းကြောင်း(V+ &-V)လမ်းကြောင်းတွေဖြစ်ပြီး NC လမ်းကြောင်းများလည်းပါဝင်တတ်ပါတယ်။ဒါကြောင့် SD Memory Card Reader များမှာ SD Card စွပ်ပြီး ဂျက်ပေါက်မျိုးစုံပါဝင် လည်းဘဲ USB ဂျက်ပေါက်ကိုဘဲအသုံးပြုပါတယ်။SD Memory Card အကြီးအသေးမတူပေမယ့် V+,Ground,SCL,SDA လမ်းကြောင်း PIN လေး(၄) ခုဘဲ အဓိကအသုံးပြုပါတယ်။SD Memory Card Input Socket &USB Memory Stick Input Port တို့ဟာ Microprocessor IC သို့ဆက်သွယ်ဝင်ရောက်ပါတယ်။Microprocessor IC ဟာ USB , SD Memory Card မှပေးပို့လာတဲ့ SCL,SDA Data လမ်းကြောင်းတွေကိုလက်ခံပြီး Memory IC & Microprocessor IC တို့အပြန်အလှန်ဆက်သွယ်ပီးUSB,SD Memory Card တွေမှ Data တွေကိုဆွဲယူပြီး Input Montior အနေနဲ့ ချုံ့ထားတဲ့ Data များကို Incomatin Data အဖြစ်အသုံးပြုကာ ဆက်လက်လုပ်ဆောင်ပါတယ်။ခုနောက်ပိုင်းတော့ Microprosser နဲ့ DSP IC ပေါင်းထားပါတယ်။
အခြေခံသမားများအတွက်သာပါ..
Credit to All..
ကျော်ဇေမြင့်
TELEMOBILE(ပခုက္ကူ)

Thursday, April 23, 2015

Galaxy win ပါဝါမတက်

ရေးထဲးကျထားတယ်ဆိုလို့ တင်နာနဲ့ဆေးပြီးJ5508ကိုပြန်ထိုင်ပေးလိုက်တာ ok သွားပါတယ်

Ais lava 353 unlock firmeware

Ais lava 353 Mpt sim အသုံးပြုဖို့ unlock firmware ပြန်ရန်

Ko Min Min Chit ဆီကfirmwareယူရန

ကိုယ်တိုင်စမ်းသပ်ထားပြီးအောင်မြင်တဲ့အလုံးပါ်