Powered By Blogger

Saturday, June 27, 2015

Samsung Galaxy S6 Edge SM-G920f root ပြီး Unicode မှ Zawgyi မြန်မာစာစနစ် ထည်သွင်းမည်

Samsung Galaxy S6 Edge SM-G920f ကို root ပြီး Unicode မှ Zawgyi မြန်မာစာစနစ် သို့ ပြောင်းလဲအသုံးပြုခြင်းကို ဖော်ပြပေးလိုက်ပါတယ် ကိုယ်တိုင်စမ်းသပ်ထားတာပါ

အရင်ဆုံး လိုအပ်တာလေးတွေကို ဒေါင်းလိုက်ရအောင်
cf auto root ဒေါင်းပါ
Download

odin ဒေါင်းပါ
Download

samsung usb driver ကိုဒေါင်းပါ
Download

Lolizwaper apk အားဒေါင်းပါ ကိုဖြိုးချမ်းကို Credit ပေးပါတယ်
Download

montime ကီးဘုတ် (သို့) ဇလပ်ဝါပြုပြင်ကီဘုတ်အား ဒေါင်းပါ
Download

အားလုံးလဲဒေါင်းပြီးပြီဆိုရင် ထင်သားမြင်သားတဲ့ desktop ပေါ်မှာ Folder တစ်ခုဆောက်ပြီး extract လုပ်ထားပါ။

နောက် Samsung USB Driver ကို Install လုပ်ပါ။ Driver install လုပ်တာကိုတော့မဖော်ပြတော့ပါဘူး။ Driver install လုပ်တာလဲပြီးသွားရင်
ဖုန်းကို power ပိတ်ပါ။
Download Mode ခေါ်ဖို့အတွက် Vol down + Home button + power ဒီသုံးခုကို ၂ - ၃စက္ကန့်လောက်ဖိထားပါ။

Warning လိုပေါ်လာရင် Vol + Up ကိုနှိုပ်လိုက်ပါ။ ဒါဆို Download mode ထဲဝင်သွားပါပြီ။

OK ဖုန်းကလဲ download mode ထဲဝင်သွားပြီးဆိုတော့ Desktop မှာ Odin-v3.10.exe ကို Run လိုက်ပါ။
Odin တက်လာပြီဆိုရင် ဖုန်းကိုစောစောက download mode ၀င်တဲ့အခြေအနေနဲ့ ကွန်ပျုတာကို USB ကြိုးနဲ့ ချိတ်ဆက်လိုက်ပါ။
ချိတ်ဆက်လိုက်ရင် Odin screen ရဲ့ COMxx Port မှ အပြာရောင် အတန်းလေးတတ်လာပြီး ဘယ်ဘက်နားက message box မှာ Added ဆိုတဲ့စာသားပေါ်လာပါလိမ့်မယ်။ ဒါဆိုချိတ်ဆက်မှုအောင်မြင်သွားပါပြီ။

Odin ရဲ့ pad ဆိုတဲ့စာသားနေရာမှာ စောစောကဒေါင်းထားတဲ့ cf auto root.tar ဖိုင်လေးကိုထည့်ပေးပါ ပြီးလျှင် Start ကိုနှိပ်လိုက်ပါ။ ဒါဆို စတင် လုပ်ဆောင်နေပါပြီ။

ခဏတော့စောင့်ပါ….

လုပ်ငန်းစဉ် ပြီးသွားပြီဆိုရင် Odin မှာ Pass ဖြစ်သွားရင် ဖုန်းက auto reboot ကျသွားပါလိမ့်မယ်။

reboot ကျသွားရင် ကြိုးချိတ်ဆက်ထားတာကို ဖြုတ်လိုက်ပါ။ ပြန်တတ်လာရင် Samsung Galaxy S6 Edge sm-g920f ကိုအောင်အောင်မြင်မြင်နဲ့ Root ဖောက်နိုင်ခဲ့ပါပြီ။
Root ပေါက်မပေါက်သိချင်ရင်တော့ Root Checker ဒါမှမဟုတ် ဖုန်းထဲမှာ Super Su ပုံပေါ်လာရင် root ပေါက်သွားပါပြီ…..

ဒုတိယအဆင့်အနေနဲ့ မြန်မာစာအမှန်ထည့်သွင်းရမှာပါ
စေားစေားကဒေါင်းထားတဲ့ Lolizwaper apk ကို ဖုန်းမှာ install လုပ်ပါ open နှိပ်ပါ system တခုလုံး zawgyi ပြောင်းရန်နှိပ်ပါ အောက်က Click me ကိုနှိပ်ပါ root တောင်းလျှင်လက်ခံပေးလိုက်ပါ 1% မှ 100% ရောက်လျှင် ဖုန်း resed ကျသွားပါလိမ့်မည် စက်ပြန်တက်လာလျှင် ဇလပ်ဝါ ကီးဘုတ်အား install လုပ်ပါ massage တွင် မြန်မာစာစမ်းရိုက်ကြည့်ပါ ယခင်လို မြန်မာစာလုံးတွေထပ်မနေတော့ဘဲ စာလုံးမှန်ကန်စွာ အသုံးပြုနိုင်တော့မှာပါ အခြားအခြားသော သတင်းapk facebook viber google အစရှိသည့်အရာတွင်လည်း မြန်မာစာ မှန်ကန်စွာ ဖက်ရှု၍ရနိုင်ပြီဖြစ်ပါသည်   အားလုံးအဆင်ပြေပါစေ

Saturday, June 20, 2015

Y520-U33 B180 Root myanmar font

Y520-U33 B180 Root myanmar font ထည့်နည်းလေးပါ လက်တွေ့အောင်မြင်ထားတာပါ

အရင်ဆုံး 360 apk ကိုဒေါင်းပါ

Download

ဖုန်း Setting-Security-Unknow sources ကို အမှန်ခြစ်ထားပါ
apk ကို ဖုန်တွင်installလုပ်ပါ
Root ဆိုသည့်စာသားကိုနှိပ်ပါ 360 apk မှ အမှန်ခြစ်ပြလျှင် root အောင်ပါပြီ

MM font installer ကိုဒေါင်းပါ

Download

apk ကိုဖွင့် font install လုပ်ပါ
rootaccess လက်ခံပါ reboot ကျသွားပါလိမ့်မည်
ပြန်တက်လာလျှင်

မုန်တိုင်း(သို့)ပြုပြင် ဇလပ်ဝါကီးဘုတ်အားဒေါင်းပါ

Download

မြန်မာစာမှန်ကန်စွာ စတင်အသုံးပြုနိုင်ပါပြီ
အဆင်ပြေပါစေ။

Saturday, June 6, 2015

facebook page တစ်ခုဖွင့်နည်း

facebook Page ဖွင့်နည်းကို မျှဝေပေးလိုက် ရပါတယ်။
(၁) မိမိ facebook မှ အပေါ်ဘက် မြှားသွားပုံ စက်တင်လေးမှာ တစ်ချက်နှိပ်ပါ။
(၂) အဲဒီမှာ Create Page ကို နှိပ်လိုက်ပါ။
(၃) ကဏ္ဍတွေကို တွေ့ပါလိမ့်မာ်။ Local Business or Place ၊ Company, Organization or Institution ၊ Brand or Product ၊ Artist, Band or Public Figure ၊ Entertainment ၊ Cause or Community ဆိုပြီး ရှိပါတယ်။ တစ်ခုရွေးပါ။
(၄) ကဏ္ဍတစ်ခုရွေးပြီးတာနဲ့ Company Name ကိုထည့်ပါ။ Choose a category ကိုရွေးပါ။
(၅) I agree to Facebook Pages Terms မှာ အမှန်ခြစ် ထည့်လိုက်ပါ။ ထို့နောက် Get Started မှာ နှိပ်လိုက်ပါ။
(၆) Add a description with basic info မှာ မိမိထည့်မယ့် စာတိုလေးကို ထည့်ပါ။ အဲဒီစာက profile ပုံအောက်မှာ ပေါ်မှာပါ။
(၇) yes (or) No ကို Yes လုပ်ပါ။ နှစ်ခုစလုံး လုပ်ပါ။ save info နှိပ်လိုက်ပါ။
(၈) Upload From Computer မှ ပရိုဖိုင်ပုံ ထည့်ပါ။ နောက်မှ ထည့်လည်း ရပါတယ်။ ပုံထည့်ပြီးတာနဲ့ Next ကိုနှိပ်ပါ။
(၉) Next ထပ်နှိပ်ပါ။ skin တွေ့တိုင်း နှိပ်လိုက်ပါ။ ကဲ Page တစ်ခု ဖြစ်သွားပါပြီ။ အားလုံး အဆင်ပြေမယ်လို့ ယူဆပါတယ်။

အားလုံးကို ကျေးဇူးတင်စွာဖြင့်
မူရင်းpostပိုင်ရှင်ကိုcreditပေးပါတယ်

Thursday, June 4, 2015

G730-U00-U30-C00 charger ပလက်ထိုးရင် အားဝင်တဲ့ပုံပြပြီး battery% မတက်တဲ့ပြသနာ ဖြေရှင်းနည်း

G730-U00-U30-C00 charger ပလက်ထိုးရင် အားဝင်တဲ့ပုံပြပြီး battery% မတက်တဲ့ပြသနာ ဖြေရှင်းနည်းလေးပါ နံပတ် ၁ မှ ၃ ထိ ကိုယ်တိုင်လက်တွေ့လုပ်ထားတာပါ နံပတ် ၄ ပုံကတော့ facebook ပေါ်ကပုံပါ ဘယ်သူဆီကလဲဆိုတာတော့ မမှတ်မိတော့ပါ အသုံဝင်မယ်ဆိုရင်ကျေနပ်ပါပြီ