Powered By Blogger

Wednesday, July 22, 2015

Samsung ဖုန်းအများစုမှာဖြစ်တက်တဲ့ Charger ERROR ဖြေရှင်းနည်း

Samsung ဖုန်းအများစုမှာဖြစ်တက်တဲ့ Charger ERROR ဖြေရှင်းနည်းလေးမျှဝေပေးလိုက်ပါတယ် cbကမေးထားတဲ့ ဘော်ဘော်များအတွက်နဲ့ hardware ပိုင်းခုမှစတင်လေ့လာသူများအတွက် ERROR အဖြေရှာနိုင်စေရန်ရည်ရွယ်လိုက်ခြင်းဖြစ်ပါတယ်
ကလေးအထာလေးတွေမို့လို့ဆရာသမားများကျော်ခွသွားပေးပါ သိထားတာလေးကိုပြန်လည်မျှဝေတာဖြစ်လို့ အမှားရှိရင်ခွင့်လွှတ်ပါ လိုအပ်ချက်ရှိရင်လမ်းညွှန်ပေးပါ ဆရာများအားလုံးကိုရိုသေလေးစားလျှက် Myat Taunggyi

၁။battery အားအပြည့်ရှိပါလျှက် power key နှိပ်လျှင် ပါဝါမပွင့်ဘဲbattery အားမရှိဟုပြသောအခါ
၂။charger ကြိုးတပ်၍battery သွင်းသည့်အခါ battery ရာခိုင်နှုန်းမြင့်တက်မလာခြင် နှင့် battery ရှိအားများလျှော့သွားခြင်း
၃။အားသွင်းကြိုးမထိုးဘဲ အားသွင်းနေသည့်သင်္ကေတပြခြင်း နှင့် အားသွင်းကြိုးထိုးထားသော်လည်း အားဝင်သည့် သင်္ကေတမပြခြင်း
၎။အားသွင်းကြိုးထိုးလျှင်ပါဝါပိတ်သွားခြင်း resedကျခြင်း
၅။power key နှိပ်လျှင်ပါဝါမတက်ခြင်း [key ခလုပ်ကိုဦးစွာစစ်ဆေးပါ]

စသည့်ပြသနာများကြုံတွေ့လာလျှင်
Samsung ဖုန်းအများစုဟာ battery မှလာသော vol များဟာ pw ic ကို တိုက်ရိုက်မသွားဘဲ charger ic မှတဆင့်ခွဲထွက်ကာ pw ic သို့ တဆင့်ခံသွားသည့်ဟု သိရှိထားပါသည်
ထို့ကြောင့် အခြားဖုန်းများသည် charger ic ဖြုတ်ထားလျှင်လည်း အားသွင်းမရခြင်းမှလွဲ၍ ပါဝါပွင်ပြီး ပုံမှန်လုပ်ဆောင်ချက်မျာလုပ်ဆောင်နိုင်ပါတယ်
Samsung ဖုန်းအများစုကတော့ charger ic ဖြုတ်ထားလျှင် ပါဝါနိုးတော့မည်မဟုတ်ပါ note 3 ဆိုလျှင် USB ခေါင်းဆားပေါက်ခြင်း အကြောင်းတစ်ခုခုကြောင့် usb ခေါင်းမှခဲများပူးသွားပါက ပါဝါမနိုးပါ လက်တွေ့ကြုံဖူးတာပါ

အားလုံးကိုခြုံငုံပြီးဖြေရှင်းကြည့်ပါမယ်

ပထမအဆင့် usb ခေါင်းကိုစစ်ပါ တင်နာဖြင့်တိုက်ဆေးပါ usb ရဲ့ ပင်ငုတ်လေးများ ဘုတ်ပြားနှင့်ထိမထိစစ်ဆေးပါ usb ခေါင်းမကောင်းလျှင် အသစ်လဲရတော့မည်ဆိုပါက usb ခေါင်းအနီးတဝိုက်တွင်ရှိသော ic လေးများမထိခိုက်စေရန် မီးခံတိပ်ပတ်ပြီးမှ မီးခံတိပ်မရှိပါက အပူခံသံပြားခွံလေးများဖြင့်သေချာဖုံးအုပ်ပြီး မှ ခေါင်းလဲဖို့စဉ်းစားပါ usb ခေါင်းလဲတာ ဘေးက ic လေးများကို အပူဒဏ်မကာကွယ်မိလို့ လျှော့ကျသွားခြင်း ပါဝါသေသွားခြင်းများမဖြစ်ရအောင်လို့ပါ ကာကွယ်မှုပြီးပြီဆိုလျှင် heater 4.5 air 2.5 လောက်ချိန်ပြီး ထင်းရူးဆီသန့်များများထည့်ကာ အပူပေးပါ usb ခေါင်းကိုအတင်းမဆွဲပါနှင့် အောက်ခြေငုတ်များပဲ့ပါသွားမည်ဖြစ်ပါသဖြင့် ထိန်းပြီးမှအသာအယာမထုပ်ပါ usb အသစ်ကို ဘုတ်ပြားအထိုင်တွင် သေချာစွာချိန်ထည့်ပြီး gun ဖြင့် ခြေငုတ်လေးများကိုခဲတို့ပါ ပင်ငုတ်လေးတွေကိုလည်းသေချာထိစပ်အောင် ခဲတို့ပါ usb ခေါင်း ကောင်းမကောင်းစစ်လိုလျှင် အားသွင်းကြိုးထိုပြီး ဘယ်ညာအစွန်နှစ်ငုတ်ကို မီတာဖြင့်တိုင်းပါ 3.7 သို့ 4.5 စသဖြင့် vol ထွက်ရှိလျှင် usb ခေါင်းကောင်းတာသေချာပါပြီ
usbခေါင်းလဲရုံဖြင် အထက်ပါerror အများစုဖြေရှင်းနိုင်ပါတယ်

ဒုတိယအဆင့် usb ပင်ချောင်းမှထွက်လာတဲ့ ပင်ငုတ်၅ခုသို့မဟုတ်၇ခု တို့၏လမ်းကြောင်းပျက်တောက်မှုရှိမရှိကိုစစ်ဆေးပါ ပြက်တောက်လမ်းကြောင်းအား jumper လေးဖြင့်ခုန်လိုက်ပါ ထိုလမ်းကြောင်းရှိ dioud နှင့် C လေးများ ကွိုင်လေးများမကောင်းပါက အထက်ပါerror များကြုံတွေ့ရတက်ပါသည် မီတာဖြင့်တိုင်၍စစ်ဆေးကာ မကောင်းသော Cလေးများ dioud ကွိုင်တို့ကို အမျိုးအစားတူတာလေးများကို အစားထိုးကြည့်ပါ C နှင့် dioud ကွိုင်လေးများကို လဲရုံဖြင့် အထက်ပါ error အချို့ကိုဖြေရှင်းနိုင်ပါတယ်

တတိယအဆင့် charger ic ကိုစစ်ဆေးရပါမည် အဓိကအကျဆုံးအရာလည်းဖြစ်ပါသည် ရေဝင်းခြင်း ချွေးငွေ့ရိုက်ခြင်းတို့ကြောင့် ic ရှိခဲများဆားပေါက်ခြင်းဖြစ်တက်ပါသည် charger ic အတွင်ငုတ်များပူးနေခြင်းအခြေငုတ်များပျက်တောက်ခြင်း တို့ကြောင့် အထက်ပါerror များဖြစ်ပေါ်လာရခြင်းဖြစ်ပါသည် ဖြေရှင်းဖို့ကတော ထင်းရူးဆီသန့်အနည်းငယ် ic ဘေးပတ်လည်တွင်ချကာ air heater ဖြင့်အပူပေးကြည့်ပါ ဇာကနာဖြင့်အနည်းငယ်တုန်ကြည့်ပါ အဆင်ပြေတက်ပါသည် မရမှ charger icကိုဖြုတ်ကာ ခဲပြန်လောင်း၍ပြန်ထိုင်ပေးရပါမည် ကျွန်တော်ကြုံတွေ့ရသလောက် samsung charger ic များသည် ခဲလောင်ပြန်ထိုင်လျှင်အများဆုံးအဆငိပြေကြပါသည် Cလေးတွေလျှော့မကျဘဲ charger ic အရမ်းပူမှသာလျှင်အသစ်လဲလှယ်ရပါသည်
ဒီအဆင့်ရောက်သည်အထိ အထက်ပါerror မဖြေရှင်းနိုင်သေးပါက pw ic သို့ ထက်မံချီတက်ရပါမည် အချိန်အားလျှင် ဆက်လက်ရေးသားပေးပါမည် အားလုံးကိုလေးစားလျှက်

Saturday, July 11, 2015

G730-C00 အားမဝင်ပြသနာဖြေရှင်းနည်း

G730-C00 အာမဝင်ပြသနာနှင့် အားသွင်းလျှင်ပူသည့်ပြသနာဖြေရှင်းခြင်း
သိထားတဲ့ဆရာကျော်သွားပေးပါ နင်းမိမှာဆိုးလို့ပါ မသိသေးတဲ့သူတွေအတွက်ပါ အမှားပါရင်ခွင့်လွတ်ပါပြန်လည်လမ်းညွန်ပေးပါဆရာများအားလုံးကိုလေးစားလျှက် Myat Taunggyi

အရင်ဆုံးပုံကိုအရင်ကြည့်ပါ ပုံ၁ မှာ charger ကြိုးတပ်လျှက် pw ပွင့်နေတာပါ battery မတက်ထားပါ အားရာခိုင်နှုန်း 100% အပြည့်ရှိပါတယ် ပုံ၂  မှာလည်း ဒီအတိုင်းကြိုးထိုးထားတာပါဘဲ ရာခိုင်နှုန်း 0% ပါ
ဖုန်း၂စလုံး charger ကြိုးထိုးပြီးပါဝါတက်လာတာချင်းတူပေမဲ့ ရာခိုက်နှုန်းကွဲပြားနေပါတယ်
ပုံ၁ မှာ ဒိုင်အုပ်ခံပြီး jumper ဆွဲထားပါတယ် ပုံ ၂ မှာက ဒိုင်အုပ်သာလျှင် လဲထားတာပါ jumper မဆွဲပါ
အရင်ဆုံးအားသွင်းခေါင်းကိုစစ်ကြည့်ပါ အားသွင်းခေါင်း error မရှိမှ အောက်ကစာအတိုင်းလုပ်ပါ
၁။ အားသွင်းလျှင်ပူပြီး ဘယ်လောက်ကြာကြာအားသွင်းသွင်း အားရာခိုင်နှုန်း ၁၀၀ ထိမရောက်ပါက ဒိုင်အုပ်ကိုသာဖြုတ်လဲပါ မရမှသာ jumper ဆွဲပါ
၂။အားသွင်းလျှင်မပူဘဲ အားအဝင်ပြပြီး ရာခိုင်နှုန်းမတက်လာပါက jumper ဆွဲစေချင်ပါတယ်

jumper ၏အားသာချက်ကတော့ အချိန်တိုတိုအတွင်းအားအမြန်ပြည့်ခြင်း
jumper ၏အားနည်းချက်ကတော့
အချိန်တိုတိုအတွင်းအားအမြန်ုပြည့်ခြင်းကြောင့် battery ကြာကြာခံနိုင်မည်မဟုတ်ပါ battery အမြန်ပျက်စီးလွယ်ပါသည်။
သို့သော် Customer ဖုန်အမြန်ဆုံးအသုံးပြုနိုင်စေရန် ကျွန်တော်တို့ကြံဖန်ပြီးပြုပြင်ပေးရမည်မဟုတ်ပါလာ

Sunday, July 5, 2015

Galaxy s4 black screen ဖြေရှင်းခြင်း

S4 black screen မင်္သကာတဲ c လေးတွေဖြုတ်လဲလိုက်တော့ ok တာပေါ့ဗျာ

အကြောင်းအရာအစုံကတော့
ဒီလိုဗျ
customer တယောက်လာအပ်တာ သုံးနေရင်း screen မီးပျောက်သွားလို့တဲ့ အထင်ကတော့ မှန်ကလစ်လွတ်တာလို့ထင်တာပေါ့ ဖြုတ်တိုက်ချွတ်ဆေးပြီး ပြန်တက်တော့လည်း black ပါဘဲ customer ကိုသေချာပြန်မေးပါတယ် လွတ်ကျလာလို့ လုံဝလွတ်မကျပါဘူးလို့ပြောပါတယ် ဒီတော့စဉ်းစားရပြီလေ backlight တိုင်းတယ် vol ထွက်တယ် screen ကို ဓာက်မီးနဲ့ထိုးပြီးသေချာကြည့်တယ် ရုပ်ပုံကိုလုံးဝမပေါ်တာပါ backlight တင်မက ရုပ်ပါမထွက်တာဆိုတော့ ဘုတ်ကြောင့်လာပေါ့ ဒါနဲ့သေချာအောင်ဆိုပြီး ကြုံတုန်းဝင်ကြွားတာပေါ့ ကျွန်တော့ဖုန်းကလည်း S4 ဘဲလေ ကျွန်တော့ဖုန်းကိုဖြုတ် သူ့ဘုတ်တပ် မီးလည်လာတယ်ရုပ်လည်လာတယ် ကျွန်တော့ဘုတ်ကို သူ့မှန်နဲ့တွဲတော့ ဘာမှမလာ ဒါဆိုရင် lcd ဆိုတာသေချာနေပြီလေ ဒါပေမဲ့ မကွဲမရှဘဲ ဘာလို့ မှန်ကအလုပ်မလုပ်သလဲ စဉ်းစားရပြီလေ ကျွန်တော့မျက်လုံးကမှန်အနောက်က ကပစီတာနဲ့ဒိုင်အုပ်ဆီရောက်သွားပါပြီ ကံကောင်းတာက အရင်s4 မှန်လဲတုန်းက မှန်အကွဲတစ်ချပ်ကျန်သေးတယ်လေ မှန်အနောက်က ကပီစီတာချင်းဒိုင်အုပ်ချင်းယှဉ်ပြီး မီတာနဲ့တိုင်တယ် မင်္သကာစရာ cလေးတွေကို ဖြုတ်လဲလိုက်တော့ ဘယ်လိုပြောရမလဲ ဘဲရီးဂွတ်ပေါ့ဗျာ

twz enjoy8 root လုပ်နည်း

imobile istyle 211 root နဲ့ မြန်မာစာထည့်သွင်းနည်းပါ
pc နဲ့ဖောက်တာ တော်တော်ခေါင်းမာတဲ့ဖုန်းပါ ခုတော့ pc မလို apk နဲ့ကစ်လိုက်ရအောင်

လိုအပ်သည့်apkအားဒေါင်းပါ

kingroot.apk
Download

MMfont.installer.apk
Download

montinekeyboard/ဇလပ်ဝါkeyboard.apk
Download

အရင်ဆုံးkingroot.apkကို ဖုန်းတွင်install လုပ်လိုက်ပါ apkထဲသို့ဝင်ပါ အောက်နားကအပြာစာတမ်း root ဆိုတာကိုနှိပ်ပါ 100%ပြည့်လျှင် root အောင်ပါပြီ

MMfont.installer.apkကိုinstall လုပ်ပါ apk ထဲသို့ဝင်ပါ မြန်မာစာသွင်းရန် install နှိပ်ပါ root success တောင်းလျှင် allow ကိုနှိပ်ပါ reboot ချရန်okကိုနှိပ်ပါ ပြန်တက်လာလျှင် montine keyboard/ဇလပ်ဝါ keyboard ကို install လုပ်ပါ ထို့နောက် setting-language-ဇလပ်ဝါkeyboardကိုအမှန်ခြစ်ပါ Defualt နေရာတွင် ဇလပ်ဝါkeyboard ထားပါ အားလုံးပြီးပါပြီ မြန်မာစာမှန်ကန်စွာ စတင်အသုံးပြုနိုင်ပါပြီ

အားလုံးအဆင်ပြေပါစေ

istyle 211 root လုပ်နည်း

imobile istyle 211 root နဲ့ မြန်မာစာထည့်သွင်းနည်းပါ
pc နဲ့ဖောက်တာ တော်တော်ခေါင်းမာတဲ့ဖုန်းပါ ခုတော့ pc မလို apk နဲ့ကစ်လိုက်ရအောင်

လိုအပ်သည့်apkအားဒေါင်းပါ

kingroot.apk
Download

MMfont.installer.apk
Download

montinekeyboard/ဇလပ်ဝါkeyboard.apk
Download

အရင်ဆုံးkingroot.apkကို ဖုန်းတွင်install လုပ်လိုက်ပါ apkထဲသို့ဝင်ပါ အောက်နားကအပြာစာတမ်း root ဆိုတာကိုနှိပ်ပါ 100%ပြည့်လျှင် root အောင်ပါပြီ

MMfont.installer.apkကိုinstall လုပ်ပါ apk ထဲသို့ဝင်ပါ မြန်မာစာသွင်းရန် install နှိပ်ပါ root success တောင်းလျှင် allow ကိုနှိပ်ပါ reboot ချရန်okကိုနှိပ်ပါ ပြန်တက်လာလျှင် montine keyboard/ဇလပ်ဝါ keyboard ကို install လုပ်ပါ ထို့နောက် setting-language-ဇလပ်ဝါkeyboardကိုအမှန်ခြစ်ပါ Defualt နေရာတွင် ဇလပ်ဝါkeyboard ထားပါ အားလုံးပြီးပါပြီ မြန်မာစာမှန်ကန်စွာ စတင်အသုံးပြုနိုင်ပါပြီ

အားလုံးအဆင်ပြေပါစေ