![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO-B1CS1OIOpBLnENGR79jf5rB7Wto2O99CVXkq0qxL3lAktcL76SJETMHb9m8BBmhyphenhyphenjFIdD4xmt7GRVjmV3nhybv0UtnDKm6IzEVQSHJPfBJl8I0DVM5_Uq17T5BKg398NRP7JMtGglE/s640/01.jpg)
ဒီနည်း စနစ် လိုပဲ အခြား သော Android Application ရေး သား နိုင်တဲ့ Link များစွာ လည်း ရှိပါ သေး တယ်။ ကျနော် အခါ အား လျော် စွာ Facebook Wall မှာ Share ပေး လေ့ ရှိ ပါတယ်။ အခု တင်ပြ တဲ့ နည်း စနစ် ကတော့ အလွန် ကို လွယ် ကူ ရိုးစင်း ပြီး ဖန်တီး ရတာ ပျော် စရာ လည်း ကောင်း လို့ တင်ပြ ပေး လိုက် တာပါ။
တစ်ခု တော့ နား လည် ပေးစေ ချင် တာ က ဒီပို့စ် က Pro တွေ အ တွက် ရည်ရွယ် ရေးသား တင်ပြ ပေးခြင်း မဟုတ် ပါ။ အပျော် တမ်း Android apk များ ဖန်တီး ချင်သူ Beginner များ အတွက် သာ ရည် ရွယ် ပါ တယ် ခင်ဗျာ။
ကျနော် တို့ အနေ နဲ့ ပထမ ဆုံး Android application အဖြစ် ဖန်တီး ချင်တဲ့ ဆိုဒ် သို့ မဟုတ် Facebook Page၊ Facebook Group တို့ ၏ သက် ဆိုင် ရာ LOGO ကို အရင် ဆုံး ကြိုတင် ပြီး ထုတ် ထား လိုက်ရင် တော့ ပို အဆင်ပြေ တာပေါ့ ခင်ဗျာ။ ကျနော် နမူနာ အနေ ဖြင့် http://buddhis
mbeams.blogspot.com ကို Android Apk ဖန်တီးပြ ပါမယ်။
အောက်ပါ ပုံမှာ ပြထား သလို ဆိုဒ် ရဲ့ Rss Feed or Atom Feed ကို ယူ ပါမယ်။ ပုံမှာ ပြ ထား သည့် အတိုင်း နှိပ် လိုက်ပါ။ (1) ဆိုတဲ့ နေ ရာ ကို အ ရင် ဆုံး နှိပ် လိုက်ပါ။ ပြီးရင် More Information ဆိုတဲ့ (2) နေရာ ကို နှိပ် လိုက်ပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8cKNw8L5Qnpnj9bqqUS3pjshCsJDuSlsSu3w6gT5i3IvC8XVs-l81amUD18bLrRjIXY8g_FIJ0qXOcGiT4hPEi1wLRXt5ZLuopoFyNggsBBw1vsR5J2MdCdMAK0FOgMW6-hduiyouDtY/s640/02.jpg)
အောက်ပါ ပုံ အတိုင်း တွေ့ရ ပါမယ်။ ပုံမှာ ပြထား သလို ကျနော် တို့ အနေနဲ့ Atom Feed ကိုပဲ ယူယူ၊ Rss Feed ကိုပဲ ယူယူ အဆင်ပြေ ပါတယ်။ Click လိုက် ပါက Browser နဲ့ ပွင့်သွား ပါမယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT2eKcQJwZ6DTZ-nZV9LjGYIWGenBMUMCRylp3TbahQxujttNU7UEZCKl53eR-BagtoHeXrngNZIoCJI5EHX7sNQP4nvZoHq8mUFbBPUOS92VtN-934HD8YwXSf10ojfhov4swaEVxdpM/s640/03.jpg)
အောက်ပါ ပုံ အတိုင်း တွေ့ရ ပါမယ်။ အဲဒီ Feed လင့်ကို Copy ယူ လိုက်ပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG0fpJiFpWJL7p_QAep8tW8WwSltY2uKTZ0ghdowwbsLvCwZGjGtpuqnWY5pxzEoBB1vsZXy-wFaA0eZcWRyr-OAJ6S2GCL_ZpHFkfq6duWmvOJXS1K6gDNbVjcZASGoeeLZ6EymN3fxY/s640/04.jpg)
ထို့နောက် အောက်ပါပုံမှာ ပြထားသည့်အတိုင်း ဒီနေရာမှာ Sign up လုပ်ပေးလိုက်ပါ။
Sign Up လုပ် ပြီး ပါက အောက်ပါ ပုံ အတိုင်း Create New Application ဆိုတဲ့ Page ကို ချက်ချင်း ရောက်သွား ပါမယ်။ ပုံမှာ ပြ ထား သလို မိမိ ရေး သား သော Application နှင့် သက်ဆိုင်ရာ များကို ဖြည့်ပါ။ အထက်မှာ Copy ယူ ခဲ့သော Atom Feed or Rss Feed ရဲ့ Link ကို သုံး ခု မြောက် မျှား နေရာ မှာ ထည့်သွင်း ပေးလိုက်ပါ။ ထို့နောက် Create App ကို နှိပ်လိုက်ပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ_w6_TTn8hJE0rmcSLz2cYjI_yFvoNnW03bPXsI6OX-BSdYFMNSLX7jdMQDql5DgWiQlRO-Rz8jYVGytsxa-aB6ZAdnlxTDp_CDs-XiRPAGcOJSxTqg-ONEHXFHpdnNR4XAH1mw6yNa4/s640/05.jpg)
ပုံမှာ မြင် ရ သလို တွေ့မြင် ရပါမယ်။
Icon ကိုတော့ ဆိုဒ်နဲ့ သက်ဆိုင်ရာ ပုံ ကို ထည့်သွင်း ပေးလိုက်ပါ။ ထို့နောက် Save Changes ကို နှိပ် လိုက်ပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0FbuJN4m79Zv9DAQrr9Ll2etPNboEdIEulYPQtUe8pnoXZMcCDmRSl6Kee1Yl314Cc9vIB_UAjhc6r-_-5SACpl0qedQ07A539Nx1JdHDEjudNLjF1bM3FRFke-K7_2sO0fbKzPr8Pys/s640/06.jpg)
Icon ကို ထည့်သွင်း ပြီး ပါက အောက်ပါ အတိုင်း တွေ့မြင် ရပါမယ်။ ထို့နောက် Save Changes ကို နှိပ် လိုက်ပါ။ ပြီးရင် Menu > Tabs ကို သွားပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7CtNCfSZCpLCzTCKFQSWqCJ4UB_cjhhHZcMu5xcMdMmOB-glUcpi-Lykjc4A-xrte0uvBjR8SpwFyHbfO8c0F3KhtFw6VTxpx9Dd6hymIFmwu_1O2VkBOWJHys8QS7K3EyE8QJh-KcM4/s640/07.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHYx-Zpu17dmxYJJEH4xwbaMI8TyO3Sinovd2hAxD1jqmchf0KNDmhuSz3R_hYb8OvVrmZLpR8GldZAzgVmufIlXje-16fCMRvlIKpiQc0YiQgKmqB3rBXpV5ut8Lk4XT2GVRCVdRJh3A/s640/08.jpg)
ပုံမှာ မျှား ပြ ထား သည့် နေရာ များ အ တိုင်း ဖြည့် ပေး ပါ။ Check လုပ် ရ မယ့် နေရာ တွေ မှာ မသုံး ချင် ရင် ဖြုတ် ထား နိုင် ပါ တယ်။ Tab Icons ဆို တဲ့ နေရာ မှာ မိမိ စိတ် ကြိုက် Icon လေး တွေ ဖန်တီး ပြီး ထည့် နိုင် ပါတယ်။ ဒီ နေရာ မှာ တော့ Default အတိုင်း ပဲ လုပ်ပြ ပေး ထား ပါ တယ်။ နောက် ပိုင်း မိမိ စိတ် ကြိုက် ဖန်တီး ကြည့် ပါ။
နောက် တစ် ဆင့် ကတော့ Settings ဆိုတဲ့ Tab ကို သွား လိုက် ပါ။ အောက်ပါ အတိုင်း မိမိ စိတ် ကြိုက် Setting များကို ပြင်ဆင် နိုင် ပါတယ်။ အား လုံး ထည့် သွင်း ပြီး ရင် Save Changes ကို နှိပ် လိုက်ပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikDGtPpnMBglBlqbUu9GXhoAhcvU8l6JJ1pEoDlSsBxtdX1YedPt2YF0wmJJSGGEQpx7SdD7mHRCF0Vcyjt2SQW300-JQey5gwufRSK1g41Z6EV8Hb5IT6hOkBkfZcs0P0D_8kciDEY3Y/s640/09.jpg)
Submit ဆိုတဲ့ Tab အောက် Submit to Build ဆို တာ ကို နှိပ် လိုက်ပါ။ မိမိရဲ့ Gmail ကို ကျနော် တို့ အခု ဖန်တီး လိုက် သော Apk ဖိုင်ကို ပို့ ပေး ပါ လိမ့် မယ်။ ဒေါင်း ယူပြီး Android ပေါ်မှာ Testing လုပ် နိုင် ပါပြီ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzRTAHhkN8wFtmDSkMex3EeUo2eKHTybKkCNQx20DUCpPzdxRSK2GQiq7x2vF6WpwWS1SO821zYquNUd_JSW5zSfZo84j-cK3-G7hcjHOcUZSKQoSh9vEQ2cR24u2CEWiGFXqCCXuKQeQ/s640/10.jpg)
တစ်ခု သတိ ပြု စေ ချင် တာ က ဒီလင့် ကနေ Android apk ဖန်တီး လိုက် တဲ့ အခါ မှာ မိမိ ရဲ့ Gmail ထဲသို့ Auto သို့ မဟုတ် Default apk ဖိုင် တစ်ခု ကို အရင် ဆုံး ပို့လေ့ ရှိ ပါတယ်။ ဒါ ကြောင့် ကျနော် တို့ အနေ နဲ့ မေးလ် ထဲမှာ AppYet (2) or (3) လို့ ဖြစ် မှသာ မိမိ ဖန် တီး လိုက် သော application ရဲ့ Setting များ အ တိုင်း ရရှိမှာ ဖြစ် ပါတယ်။
ပြည်ပ မှာ ရှိနေ တဲ့ Android Application ဖန်တီး ချင်သူ များ က တော့ Google Play မှာ တိုက် ရိုက် မိမိ ဖန်တီး လိုက် သော Application များ ကို Market မှာ Publish လုပ် နိုင် ပါတယ်။
အားလုံး အဆင်ပြေ ပါစေ…
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL_SZSofP7EaqB0v9exfS_2yCNgkL1vQBfbxCqL2-s8lxMaDKDN_EyPcz9wy1JKPy6YsRlpZhpQMIwqdFZcKXhjZWy9VlH_aa91kqXEphu0aUv6uZt8gC80Zrb_g82wP7Kh1NbBj2OlFQ/s640/11.jpg)
Credit to Myanmar Android App Center
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1liXppwbD9C-xeQW7FH4gbGlrKMw6rbdWxdVCvzSoT0BmobCbl6pJiM5YienVWokRNQs4YULhdMwXhAgUburVJUOB8WF0WIwuWCVKF2gX4hf9Bpp1tdHF84uX0RWgYjhnJTvjxIc7dAEn/s400/TK.gif)
- ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
- ၅ စက္ကန့် စောင့် စရာ မလိုပါ။
- ဘာ << SKIP AD >> မှ ချိတ် မထားပါ။
- ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
- ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
- အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
- မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ...။
No comments:
Post a Comment