Powered By Blogger

Friday, April 10, 2015

ResearchDownload tool ကိုအသုံးပြုလျှင် ကိုယ်တွေ့တစ်ခုပြေားပြချင်ပါသည်

thai ထုပ်ဖုန်းလေးတစ်လုံးပါ imobile istyle 215 network lock ကျနေလို့ www.minminchit.org ဆိုဒ်ကနေ unlock လုပ်ပြီးသား firmware လေးဒေါင်းပြီး pac ဖိုင်ကို ResearchDownload tool လေးအသုံးပြုပြီး upgrade လုပ်ကြည့်တာ ၂ရက်လောက်တိုင်ပတ်သွားတယ်ဗျာ ResearchDownload tool က fail ပြတယ် ပါဝါပြန်ဖွင့်ကြည့်တော့ ဘာမှတက်မလာတော့ဘူး တော်တော်လန့်သွားတယ် Customer ကလည်းအရေးတကြီးဖုန်လာယူတဲ့အချိန် သူဖုန်းက dead firmware ထက်မက ပါဝါပါမလာတော့တာ computer ၃လုံးပြောင်းပြီး မူရင်း offical firmware တွေပြန်တင်တာလည်း fail ပြတာဘဲး ကျွန်တော်တင်မရတော့ ကျွန်တော့သူငယ်ချင်း မင်းမင်းသိန်းက တကြိမ်ပြန်ပြီး offical firmware တွေအစအဆုံး တင်ကြည့်တယ် ဒီcomputerနဲ့မရ ဟိုcomputer နဲ့တင် fail ပြတာဘဲး သူမရလို့ကျွန်တော်ပြန်တင် ကျွန်တော်မရလို့သူပြန်တင် ဖုန်းတစ်လုံးကို သူငယ်ချင်းနှစ်ယောက် တိုင်ပတ်နေကြတာ ၂ရက်နဲ့ နှစ်ည ဘယ်ဟာသံသယဖြစ်လို့ဖြစ်ရမှန်းမသိဖြစ်နေတယ် အရင်ကလည်း ResearchDownload tool နဲ့ firmware တွေတင်ဖူးတာဘဲ ဒီလိုတစ်ခါမှမဖြစ်ဖူးဘူး ResearchDownload tool version ကြောင့်လား firmward ဘဲးမပြည့်စုံတာလား computer ကဘဲး driver တွေမသိတာဘဲလား usb port ကဘဲချောင်သွားလို့လား စသဖြင့် အများကြီးတွေးစရာတွေဖြစ်တာပေါ့ ခေါင်းလည်းတော်တော်ကိုက်သွားတာပေါ့ ဘယ်firmware တင်တင် fail ဘဲးပြတယ်လေ ===== အခုတော့ရသွားပါပြီ ကျွန်တော်တို့ခေါင်းပူနေတုန်း သတိမထားမိတဲ့ လစ်ဟာချက်လေး ====နောက်ဆုံးအဖြေကတော့ ဖုန်း battery အားလုံးဝမရှိတော့တဲ့အတွက် ဘယ်firmwareဘဲးတင်တင် fail ပြတာဘဲး 50%လောက်ရှိတဲ့ battery တစ်လုံး အစားထိုးပြီးတင်မှ okသွားတော့တယ် ====အကျဉ်းချုပ်အနေနဲ့ကတော့ ResearchDownload tool အသုံးပြုလို့ fail ပြရင် battery ကိုတစ်ကြိမ်စစ်ဆေးသင့်ပါကြောင်း ကိုယ်တွေ့တင်ပြပေးလိုက်ပါတယ် ----သေးသေးမွှားမွှားလေး တစ်ခုကြောင့် ခေါင်းအကြီးကြီးကိုက်ခဲ့ရတဲ့ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် တော်တော်ညံ့တာပေါ့နော်

No comments:

Post a Comment