Powered By Blogger

Friday, August 22, 2014

MPT ၀န်ဆောင်မှု

10637790_10202706086994406_1596522709_n_2
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ၎င်းတို့၏ မိုဘိုင်းဖုန်း ဝန်ဆောင်ခ နှုန်းထားများကို လျှော့ ချပြောင်းလဲရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။  MPT သည် မိုဘိုင်းဖုန်းခေါ်ဆိုခ နှုန်းထားများနှင့် SMS ပေးပို့ခ နှုန်းထားများကိုလည်း လက်ရှိ ကောက်ခံနေသည့် နှုန်းထားထက်မပိုဘဲ လျှော့ချနိုင်ရန် တာဝန် ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ထို့အပြင် MPT ၏ မိုဘိုင်းဖုန်း အသုံးပြုခ ကောက်ခံမှုသည်လည်း ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများနည်းတူ Data Plan များဖြင့် ပြောင်းလဲသွားနိုင်ဖွယ်ရှိနေကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။  ဂျပန်နိုင်ငံ၏ ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းထား သည့် MPT အနေဖြင့် ပြည်တွင်း၌ အခြေခံအဆောက်အဦများ ရှိပြီးဖြစ်သည့်အတွက် ပုဂ္ဂလိကကုမ္ပဏီ အဖြစ် ထွက်ပေါ်လာသည့်အချိန်တွင် အခြားသော ဆက်သွယ်ရေး ကုမ္ပဏီများထက် ပိုမိုသာလွန်သည့် ဝန်ဆောင်မှုများ ထွက်ပေါ်လာနိုင်ကြောင်း ဝန်ကြီးဌာနနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ စောင့်ကြည့်လေ့ လာနေသူ ဥပဒေပညာရှင်၊ ကွန်ပျူတာ ပညာရှင်အချို့က သုံးသပ်နေကြသည်

No comments:

Post a Comment