Powered By Blogger

Friday, August 22, 2014

အကောင်းဆုံးအခြေအနေတစ်ခုအထိမရောက်သေးသော Ooredoo Sim card နှင့် ကိုက်ညီမှုရှိသည့် handset များအရောင်းသွက် ♫

1920591_367937970022569_1977905004095949054_n
မြန်မာနိုင်ငံတွင်တန်ဖိုးနည်း (၁၅၀၀) တန် Sim card များပထမဦးဆုံးရောင်းချပေးခဲ့ သည့် Ooredoo Myanmar အနေဖြင့် ပြည့်စုံကောင်းမွန်သည့်ဆက်သွယ်ရေးအခြေ အနေတစ်ရပ်ကို မြန်မာပြည်သူများထံ အရောက်ပေးပို့နိုင်ခြင်းမရှိသေးသော်လည်း ဈေး နှုန်းချိုသာသည့် Sim card တန်ဖိုးကြောင့် ပြည်သူများက အများအပြားဝယ်ယူအားပေး ခဲ့ကြသည်။ ထို့ကြောင့် ယင်း Sim card များနှင့်ဆက်စပ်အသုံးပြုရမည့် handset များ၏ ရောင်းအား လျင်လျင်မြန်မြန်ကြီးထွားလာခဲ့သည်။
 

“ မန္တလေးမှာရှိတဲ့ မိုဘိုင်းလ်ဆိုင်တွေအားလုံးနီးပါးမှာ handset ရောင်းအား (၅) ဆ လောက်တက်လာ တယ်” ဟု မန္တလေးမြို့ရှိ Sky Mobile၏ မန်နေဂျာဖြစ်သူ ကိုမျိုး အောင်က ပြောကြားခဲ့သည်။
 

 “ ဒါပေမယ့် Ooredoo Sim card ကနည်းနည်းပြသနာရှိ တယ်။ handset တိုင်းနဲ့ကိုက်ညီမှုမရှိဘူး။ နောက်ပြီးလိုင်းကလည်းမိလိုက် ၊ မမိလိုက်ဖြစ် နေတယ်။ ကျွန်တော်တို့သတင်းကြားထားတာက MPT နဲ့ Telenor တို့ကအသစ်ထုတ် မယ့် Sim card တွေ 2G ရော၊ 3G ပါရမယ်။ handset တိုင်းနဲ့လည်းအဆင်ပြေမယ်လို့ ကြားရတယ်။ အဲဒါကြောင့် အဲဒီ sim card တွေသာချရောင်းမယ်ဆိုရင် handset ရောင်းအားပိုတက်လာမယ်လို့ ကျွန်တော်ထင်တယ်” ဟု ယင်းကဆက်လက်ပြောကြား ခဲ့သည်။ 

၁၅၀၀ ကျပ်နှင့်ရောင်းချပေးနေသည့် Ooredoo Sim card များမှာအများပြည်သူမျှော် လင့်ထားသကဲ့သို့ အဆင်ပြေပြေအသုံးမပြုနိုင်ခြင်း၊ လိုင်းမမိခြင်းတွေကြောင့် အချို့အ သုံးပြုသူများမှာ မကျေနပ်မှုဖြစ်ပေါ် လျက်ရှိသည်

“ ကျွန်တော်ကတော့ Ooredoo Sim card ကိုမကြိုက်ဘူးဗျာ။ ဘာလို့လဲဆိုတော့ ဒီ Sim card တွေက ဖုန်းတိုင်းနဲ့အဆင်မပြေဘူး။ လိုင်းကလည်းမမိဘူး။ ကျွန်တော်က တော့ အတော်စိတ်ပျက်မိတယ်။ အဲဒါကြောင့် Telenor Sim card တွေကိုစောင့်ပြီး သုံးတော့မယ် “ ဟု ရန်ကုန်မှ ဖုန်းအသုံးပြုသူ တစ်ဦးဖြစ် သည့် ဦးကျော်မျိုးကပြော ကြားခဲ့သည်။


Ooredoo Myanmar CEO ဖြစ်သူ Ross Cormack ကပြောကြားရာတွင် ယင်းတို့အနေ ဖြင့် အများပြည် သူများအဆင်ပြေပြေသုံးစွဲနိုင်စေရန် ပြည်တွင်းစီးပွားဖက် မိုဘိုင်းလ်ကုမ္ပ ဏီများနှင့် ပူးပေါင်းပြီး မြန်မာငွေ ကျပ် (၁၀၀၀၀၀) အောက်တန်ဖိုးရှိ Ooredoo Sim card များနှင့် ကိုက်ညီမည့်အရည်အသွေးမြင့် smart phone များရရှိအောင် ကြိုးစားနေ ပြီဖြစ်ကြောင်း ကြားသိရသည်။

No comments:

Post a Comment